SunFlare Co., Ltd.

Global Interface & Solutions

ဘာသာပြန်အေဂျင်စီအဖြစ် နှစ်ပေါင်းများစွာ ခိုင်မာသောရလဒ်များရရှိထားသော SunFlare သည် ဧည့်သည်တော်များအတွက် ယုံကြည်အားထားရသောဉာဏလုပ်ဖော်ကိုင်ဖက်အဖြစ် သတ်မှတ်ခံထားရပါသည်။
ကျွန်တော်တို့သည် စီးပွားရေးနယ်ပယ်အသီးသီးရှိ ကုမ္ပဏီများလည်ပတ်ရာတွင်လိုအပ်သော စာရွက်စာတမ်းပြုလုပ်ခြင်းနှင့်ကိုက်ညီအောင်စီမံထားသည့် ပြီးပြည့်စုံသောဝန်ဆောင်မှုကို ထောက်ပံ့ပေးလျက်ရှိပါသည်။
ကျွန်တော်တို့သည် စာရွက်စာတမ်းပြုလုပ်ခြင်းဆိုင်ရာစိန်ခေါ်မှုများကို လျင်မြန်တိကျစွာ ခွဲခြားနိုင်ခြင်းနှင့်ဆုံးဖြတ်ခြင်းဖြင့် ဧည့်သည်တော်များထံ အကောင်းဆုံးဆောင်ရွက်မှုများကို ပေးစွမ်းနိုင်ပါသည်။

ISO 27001 နှင့် ISO 9001 လက်မှတ်ရရှိထားခြင်း

ကျွန်တော်တို့၏ ဧည့်သည်တော်များတွင် စာရွက်စာတမ်းပြုလုပ်ရန်လိုအပ်သည်များ အများအပြားရှိပါသည်။ ဧည့်သည်တော်၏လျှို့ဝှက်အချက်အလက်များလက်ခံခြင်းနှင့် ပေးပို့ခြင်းအတွက် ခိုင်မာသောလုံခြုံရေးဖွဲ့စည်းမှုရှိရန် နှင့် အရည်အသွေးအဆင့်အမြင့်ဆုံးပေးနိုင်ရန်၊ ကျွန်တော်တို့သည် နိုင်ငံတကာစီမံခန့်ခွဲမှုစနစ်များစွာတို့ကို လိုက်နာပါသည်။

အမျိုးအစားကျယ်ပြန့်သော စက်မှုလုပ်ငန်းများ၊ စီးပွားရေးလုပ်ငန်းများနှင့်နယ်ပယ်များတွင် အတွေ့အကြုံရှိခြင်း

ယုံကြည်စိတ်ချရသော စီးပွားရေးလုပ်ငန်းပါတနာအဖြစ် ကျန်ရှိရန်၊ ကျွန်တော်တို့၏ စက်မှုလုပ်ငန်းကျွမ်းကျင်သူများနှင့် နယ်ပယ်အထူးကျွမ်းကျင်သူအသင်းများသည် ဧည့်သည်တော်များရင်ဆိုင်နေရသော စိန်ခေါ်မှုများကို အကောင်းဆုံးဆောင်ရွက်မှုများပေးစွမ်းနိုင်ရန် အတူတကွပူးပေါင်းဆောင်ရွက်ပါသည်။

ဘာသာစကားပေါင်း ၉၀ ကျော်တွင် ကျွမ်းကျင်မှုရှိခြင်း

ကုမ္ပဏီတစ်ခုသည် မိမိဘာသာ ကမ္ဘာလုံးဆိုင်ရာအားဖြင့် ဖွံ့ဖြိုးလိုလျှင်၊ ထိုနိုင်ငံများအားလုံး၏ ဘာသာစကားများ၊ ယဉ်ကျေးမှုများနှင့် ရင်းနှီးကျွမ်းဝင်ရန် လိုအပ်ပါလိမ့်မည်။ ဤသည် စီးပွားရေးလုပ်ငန်းတစ်ခုသို့ လက်တွေ့ကျကျချဉ်းကပ်ခြင်း လုံးဝမဟုတ်နိုင်ပါ။ မည်သို့ပင်ဖြစ်စေ Sunflare တွင် ထိုဘာသာစကားကိုအသုံးပြုသောနေရာရှိ ယဉ်ကျေးမှုများနှင့်ကျွမ်းဝင်သည့် ဘာသာစကား ၉၀ကျော်တတ်မြောက်သော ကျွမ်းကျင်သူများ ရှိပါသည်။ သူတို့သည် ကမ္ဘာလုံးဆိုင်ရာစီးပွားရေးလုပ်ငန်းအဖြစ် အောင်မြင်ရန်ဧည့်သည်တော်များလိုအပ်သော ရည်မှန်းချက်များ၊ အချိန်နှင့် တပြေးညီထောက်ပံ့မှုများကို ပေးစွမ်းနိုင်ပါသည်။ ကျွန်တော်တို့၏ ကျွမ်းကျင်သူများတွင် ဘာသာစကားကျွမ်းကျင်မှုမှ အထောက်အကူပြုထားသော ကျယ်ပြန့်သော နယ်ပယ်ဆိုင်ရာတိကျသောဗဟုသုတများရှိခြင်း၊ ချက်ချင်းကမ်းလှမ်းမှုပြုလုပ်နိုင်စေခြင်း၊ ဥပဒေဆိုင်ရာစာရွက်စာတမ်းများ၊ ဂျာနယ်ဆောင်းပါးများနှင့် စည်းမျဉ်းလျှောက်ထားမှုများကဲ့သို့ ကျွမ်းကျင်မှုအဆင့်မြင့်မားစွာလိုအပ်သော စာရွက်စာတမ်းများအတွက် အရည်အသွေးမြင့်ဝန်ဆောင်မှုများပေးစွမ်းနိုင်ပါသည်။

ကုမ္ပဏီအကြောင်

ကုမ္ပဏီအမည်

SunFlare Co., Ltd.

တည်ထောင်သည့်ခုနှစ်

၁ရက် အောက်တိုဘာ ၁၉၇၁

လိပ်စာ

တိုကျိုရုံးချုပ်:
ရှင်းဂျုခု ဟီရိုစဲ အဆောက်အဦး၊ ၄-၇ ရောစုရ၊ ရှင်းဂျုခု-ရပ်ကွက်၊
တိုကျို ၁၆၀-၀၀၀၄၊ ဂျပန်နိုင်ငံ

ကိုယ်စားလှယ်ဒါရိုက်တာ

ဟီရိုယုခိ ဆဆအိ

လုပ်ငန်းမျာ

စာရွက်စာတမ်းပြုလုပ်ခြင်

  • ဘာသာပြန်ခြင်း
  • ဒေသသုံးအဖြစ်ဖန်တီးခြင်း
  • စာရေးသားခြင်း(နည်းပညာဆိုင်ရာနှင့်ဆေးဘက်ဆိုင်ရာ)
  • ဖန်တီးမှုဆိုင်ရာဝန်ဆောင်မှုများ(ဒီဇိုင်း၊ DTP၊ ဝက်ဘ် နှင့် ဗီဒီယို)

အတိုင်ပင်ခံခြင်

  • စာရွက်စာတမ်းပြုလုပ်မှုအတိုင်ပင်ခံခြင်း
  • သုတေသန(ဥပဒေ၊ စည်းမျဉ်း၊ စံနှုန်းနှင့်မူပိုင်ခွင့်)
  • ဖြည့်စွက်ခြင်းနှင့်လျှောက်ထားခြင်းကူညီမှု(မူပိုင်ခွင့်၊ စည်းမျဉ်းသတ်မှတ်ခြင်းကိစ္စများ နှင့် ဆေးဘက်ဆိုင်ရာကိရိယာများ)

ပညာရေးနှင့်လေ့ကျင့်ရေ

  • Sunflare သင်တန်းကျောင်း
  • ဘာသာပြန်အရည်အချင်းစစ်ဆေးမှုစာမေးပွဲ(TQE)
  • ကုမ္ပဏီလေ့ကျင့်ရေး
  • ဟောပြောပွဲများ(မူပိုင်ခွင့်နှင့်ဆေးဘက်ဆိုင်ရာကိရိယာများ)

ထောက်ခံချက်လက်မှတ်

ISO 27001, ISO 9001, ISO 17100 နှင့် ကိုယ်ပိုင်အမှတ်(JIPDEC)
ဆေးဘက်ဆိုင်ရာကိရိယာများအတွက် အမျိုးအစား ၂ မားကတ်တင်းခွင့်ပြုချက်ရရှိသူလိုင်စင်

Back to Top